အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2026
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ယ​မန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။
Jun 10,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ ၉ ရက်နေ့နံနက်ပိုင်းမှစ၍ ငုံးသုံကျေးရွာအုပ်စု သစ်အယ်သစ်ကျေးရွာ ရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jun 10,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၉ ရက်နေ့မွန်းလွှဲ ၂ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် အခွန်ဘဏ္ဍာငွေတိုးတက်စေရေး၊ ပြေစာများ အပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး၊ အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက မြို့နယ်လူငယ်စင်တာအစည်းအ​ဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Jun 10,2026
မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်  “ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်း” (အရပ်သား) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 10,2026
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မန္တလေး၊ အောင်‌မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 10,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က(အင်္ဂပူ)တွင် အစိုးရသစ်၏ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။