Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက…
Dec 16,2025
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ညောင်ရွှေမြို့နယ် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည…
Dec 16,2025
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်း ခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်
Dec 16,2025
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ပြုလုပ်
Dec 16,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြု
Dec 16,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့၊ သမဝါယမ ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သမဝါမယစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်ကျောင်း (မန္တလေး)ရှိ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများက တက်ရောက်လေ့လာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Dec 16,2025
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက အဆိုပါတက္ကသိုလ်ရှိ ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ
Dec 16,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ယနေ့နံနက်ပိုင်းက ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၂၆၆၁၀၉၉ တင်းထွက်ရှိ
Dec 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၂၉၀၄၂ ဧက ရိတ်သိမ်းပြီးစီးခဲ့ပြီး စပါးတင်းစုစုပေါင်း၂၆၆၁၀၉၉ တင်းထွက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
56
Page
57
Page
58
Page
59
Current page
60
Page
61
Page
62
Page
63
Page
64
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department