အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း၏ ဝန်ဆောင်မှုအရည်အသွေး တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(၃)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
Jun 10,2026
ရမည်းသင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်းကို ဇွန်လ ၉ ရက်၊ နံနက် ၁၀ နာရီခွဲက ပျော်ဘွယ်မြို့နယ်၊ ရွာသစ်(အနောက်)ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Jun 10,2026
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန် ၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Jun 10,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ နယ်မြေလုံခြုံရေး အခြေအနေအရ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက် ရှိသော နိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် အတွင်းရှိ စိတ္တသုခ‌ကျောင်းတိုက်ယာယီတိမ်းရှောင်စခန်းမှ အိမ်ထောင်စုများအား သွားရောက်   တွေ့ဆုံသည်။
Jun 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာ အမှတ်(၄)ရပ်ကွက်တွင် ကျေးရွာမီးလင်းရေးအတွက် Mandalay Yoma Energy ကုမ္ပဏီမှ တပ်ဆင်ထားသော (၂၄)ပေ×(၁၂)ပေ အကျယ်အဝန်းရှိ ဆိုလာမီနီဂရစ် ဘက်ထရီသိုလှောင်ရုံ ယမန်နေ့နံနက် (၉)နာရီ (၄၂)မိနစ်အချိန်၌ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။