ပဲခူး ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် အခွန်ဘဏ္ဍာငွေတိုးတက်စေရေး၊ ပြေစာများ အပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး၊ အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက မြို့နယ်လူငယ်စင်တာအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဟိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူက ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပေးသည်။
ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နီလာမြင့်က မြို့နယ်နှင့်ပတ်သက်၍ အခွန်ရရှိမှုနှင့် ကြုံတွေ့နေရသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့်အခွန်ထမ်း ပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)