အင်္ဂပူမြို့ အ-ထ-က(အင်္ဂပူ)တွင် အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းဆောင်ရွက်

အင်္ဂပူ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က(အင်္ဂပူ)တွင် အစိုးရသစ်၏ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အစိုးရအသစ်၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းရင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများက အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်‌ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် လိုအပ်သည့်အချက်အလက်၊ အ‌ထောက်အထားများ ဖြည့်စွက်ကာ ဇီဝဆိုင်ရာ အချက်အလက်‌ ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့ဝန်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များပေးအပ်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့ဝန်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန္တာဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်အေးအေးမင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)