ကံမ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်လမ်းဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၂)ရပ်ကွက် သရက်-နတ်မီးတောက်-ကံမလမ်း မိုင်တိုင်အမှတ် (၂၈/၁)-(၂၈/၂)အတွင်း တံတား(Box Culvert) တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တအတွင်းရေးမှူး ရဲမှူးစိုင်းညီညီမင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့်တာဝန်ရှိသူများက ယမန်နေ့ မွန်းတည့်(၁၂)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)ဒေါ်ဝေမီနှင့် တာဝန်ခံအင်ဂျင်နီယာတို့က တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ တံတား(Box Culvert)တည်ဆောက်ရာတွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေလမ်းကြောင်းကျဉ်း၍ ပျက်စီးနေသော တံတားဟောင်းအား ဖျက်သိမ်းပြီး အလျား (၃၇)ပေ၊ အနံ(၅)ပေရှိသော တံတား(R.C.C Box Culvert)အား တည်ဆောက်၍ ကတ္တရာပြန်လည်ခင်းပေးခြင်းနှင့် ရေမြောင်းဖုံးအပါ ကျောက်ကြီးစီရေလွှဲမြောင်း (၂၀)ပေ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ ကျပ်သိန်း(၇၀၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)