ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ ဆေးကုသပေး

ကံမ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊သွေးတိုးနှင့် နှလုံးရောဂါများစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးကုသရာတွင် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ECG စက်ဖြင့် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို သွေးချို စစ်ဆေးပေးခြင်းစသည်တို့ကိုဆောင်ရွက်ပေး၍ လိုအပ်သည့်ကုသမှုများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ဦးဟန်နှင့် ကျန်းမာရေးဆရာမများက အခမဲ့စစ်ဆေးကုသခြင်းများဆောင်ရွက်ပေးခဲ့ပြီး အပါတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)