ငဖဲ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးပြားနှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးသန်းဌေး၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်လိုသည့် ကျောင်းသား/ကျောင်းသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်(၃)က ဆောင်ရွက်သည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၆၂ ဦးရှိသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်လင်း၊ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်တာဝန်ရှိသူများ၊ ငဖဲမြို့အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများက ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။
မယု(ငဖဲ)