Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲ ကျင်းပ
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲအခမ်းအနားအား ယမန်နေ့ ဇွန်(၂၆)ရက် ညနေ (၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စုရှိ ဦးငြိမ်း၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့် ဘက်စုံအရည်အချင်း မှတ်တမ်းချုပ် (CCPR) နှင့် ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR) ရေးသွင်းဖြည့်သွင်းမှု ဆင့်ပွားသင်တန်…
Jun 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ဘက်စုံအရည်အချင်းမှတ်တမ်းချုပ် (CCPR) နှင့် ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR) ရေးသွင်းဖြည့်သွင်းမှု ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရတောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်းအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Jun 28,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်နှင့် ဝန်ထမ်းများသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇွန်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်ခြေအိမ်ထောင်စု (၁၈၁) စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်းဖြင့် သမန္တလင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးမည်ဖြစ်
Jun 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု (၁၈၁) စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သမန္တလင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းများအား ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မြင့်မားစေရေး၊ ကျေးရွာများတွင် ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jun 28,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၊ အ.ထ.က (ကျွဲသောင်) တွင်လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း (ကျွဲသောင်) ကျောင်းခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့ လမ်းအထူးအဖွဲ့(၅)မှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 28,2024
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၅) ၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက်ပိုင်းက လွိုင်လင် - ပန်ကေတု -သီပေါလမ်း ၊ ကီလိုမီတာ (၂၀၀-၃၀၀) ၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ရှေ့တွင်ကျင်းပပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4568
Page
4569
Page
4570
Page
4571
Current page
4572
Page
4573
Page
4574
Page
4575
Page
4576
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department