အိမ်ခြေအိမ်ထောင်စု (၁၈၁) စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်းဖြင့် သမန္တလင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးမည်ဖြစ်

ကျောက်ဆည် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု (၁၈၁) စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သမန္တလင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းများအား ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မြင့်မားစေရေး၊ ကျေးရွာများတွင် ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်သည့်အနေဖြင့် ကွန်ကရစ်များခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူများပူးပေါင်းပါဝင်တတ်စေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် လမ်းဖြစ်မြောက်ရေးကော်မတီအား ကျေးရွာပြည်သူများနှင့်ဖွဲ့စည်း၍ ပြည်သူများ၏လုပ်အားများထည့်ဝင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပြီးပါက ကျေးရွာပြည်သူများအနေဖြင့် တစ်အိမ်နှင့်တစ်အိမ် လူမှုစီးပွားရေးလုပ်ငန်းများ ကူးလူးဆောင်ရွက်ရာခြင်း၊ ရပ်ရွာသာရေနာရေးနှင့်အလှူအတန်းကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အခြားလုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် များစွာအဆင်ပြေသွာမည်ဖြစ်ကြောင်းနှင့် ကျေးရွာသည်လည်း ပို၍သန့်ရှင်းသာယာပြီး ပြည်သူများ၏လူမှုဘဝများ ပိုမိုဖွံ့ဖြိုးလာတော့မည်ဖြစ်ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)