အမြို့မြို့အနယ်နယ်သတင်းများ

Jun 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Jun 26,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ဇွန်လ(၂၄)ရက်နေ့ နံနက်(၁၀)နာရီက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
Jun 26,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆန်ဆိုင်များသတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jun 26,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community centre)ခန်းမ၌ ကျင်းပခဲ့သည်။
Jun 26,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၊ အသက် (၁၈)နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။