မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇွန် ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ ဝမ်ကောင်းကျေးရွာအုပ်စု၊ အောင်မြင်ကျေးရွာ၌ ဒေသခံတောင်သူများအား စိုက်ပျိုးရေးအတွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ပြီး တွဲဖက်-အ.မ.က (အောင်မြင်) တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့နောက် ဟောင်ကြန့်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမူအခြေအနေအား သွားရောက်ကြည့်ရှု့ပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)