လွိုင်လင်မြို့ လမ်းအထူးအဖွဲ့(၅)မှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လွိုင်လင် ဇွန် ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၅) ၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက်ပိုင်းက လွိုင်လင် - ပန်ကေတု -သီပေါလမ်း ၊ ကီလိုမီတာ (၂၀၀-၃၀၀) ၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ရှေ့တွင်ကျင်းပပါသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် နှင့်တာဝန်ရှိသူများ၊ လမ်းအထူးအဖွဲ့ (၅) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်စိုး နှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်နှင့် ဌာနမှူးများ ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦးတို့က ချယ်ရီ (၁၅၀) ပင်နှင့်စိန်ပန်းပြာ (၁၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

လွိုင်လင်မိုး

ခရိုင် (ပြန်/ဆက်)