အုတ်တွင်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း- ၂ တွင် ယနေ့နံနက်ပိုင်းက (၇၇)နှစ်မြောက်အာဇာနည် နေ့အထိမ်းအမှတ်အကြိုပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲတွင် ပန်းချီအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၉)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၁)ဦး၊ ကဗျာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၂)ဦး၊ စာစီစာကုံး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၃)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၇)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၇၂)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိမည့် ကျောင်းသား/ ကျောင်းသူများအား ဇူလိုင်(၁၅)ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း- ၂ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)