၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျောက်ဆည်မြို့နယ်၌ မိုးဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံ (၄၉၀၄၉)ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများ ခွဲခြားသတ်မှတ်ပြီး ဆည်ရေ၊ မိုးရေ၊ မြေအောက်(အဝီစိ) ရေများဖြင့် သီးနှံများလျာထားစိုက်ကြရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံ(၃၄၈၉၆၀၅)ဧက လျာထားပြီးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့သီးနှံများစိုက်ပျိုးရာတွင် မြေပဲ(၂၉၆)ဧက၊ နှမ်း(၄၅၈၀)ဧက၊ နေကြာ(၃၁၄၃)ဧက၊ ပဲတီစိမ်း (၁၂၆၉၃)ဧ၊ ပဲစင်းငုံ(၁၆၉၁)ဧက၊ အခြားပဲ(၆၀၉၄)ဧက၊ နှံစားပြောင်း(၃၄၄၄)ဧက၊ ဖူးစားပြောင်း(၇၉၃)ဧက၊ ငရုတ်(၁၈၀၀)ဧက၊ နနွင်း(၉၀၃)ဧက၊ ဟင်းသီးဟင်းရွက် (၂၂၂၀)ဧက၊ ကျွဲနွားစာ(၇၅၁၂)ဧက၊ ချည်မျှင်ရှည်ဝါ (၃၈၈၀)ဧက စုစုပေါင်း(၄၉၀၄၉)ဧက လျာထားစိုက်ပျိုးထားကြောင်း သိရှိရသည်။

စိုက်ပျိုးသီးနှံများ အောင်မြင်စေရေး ကျောက်ဆည်ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ စိုက်နည်းစနစ်များ၊ ဒေသနှင့်ကိုက်ကြီးသည့် မျိုးစေ့များ၊ စိုက်ပျိုးရေများ၊ အပင်ပြုစုပျိုးထောင်စိုက်ပျိုးခြင်းများ၊ စိုက်ပျိုး/ ရိတ်သိမ်းစက်များ၊ ကိရိယာများစနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်