ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြောက် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်‌သော အသိပညာပေး လက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်း၊ အသိပညာ‌ပေး ဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများ စသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း‌ဆောင်ရွက်ရာတွင် (၄၁)တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူး‌ပေါင်းပြီး ရပ်ကွက်အတွင်းရှိ ဗိုလ်မင်းရောင်အိမ်ရာ၊ တိုက်ခန်းအရေအတွက်(၈၀၀)ခန်း၊ ရေကန်(၂၅)ကန်၊ တော်ဝင်အိမ်ရာ၊ တိုက်ခန်းအရေအတွက်(၇၆၈)ခန်း၊ ရေကန်(၆)ကန်၊ မဟာမြိုင်အိမ်ရာ၊ တိုက်ခန်းအရေအတွက်(၁၃၉၀)ခန်း၊ ရေကန်(၄)ကန်တို့၌ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)