တာလေ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ က အ.မ.က(တပ်တွင်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ခွဲပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းဖြင့် မိမိတို့၏ ဘဝကိုမြှင့်တင်နိုင်ပုံ၊ နောင်တစ်ချိန်တွင် တိုင်းပြည်၏ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ဖန်တီးတည်ဆောက်ကြရမည် ဖြစ်သောကြောင့် ယခုအချိန်မှစ၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူထားသင့်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သတ်သည့် အကြာင်းအရာများ စသည်တို့ကို ပညာပေးဟောပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုထားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)