တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် () နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ နှစ်စဥ်ကျင်းပလျက်ရှိသည့် နေထူးနေ့မြတ်များအား အမြဲအောင်းမေ့ သတိရနေစေရန်၊ အသိပညာဗဟုသုတများ တိုးတက်လာစေရန်၊ စာကြည့်တိုက်သို့ ဝင်ထွက်သွားလာတက်သည့် အလေ့အထ ဖြစ်​ပေါ်လာစေရန်၊ ပါဝင်ယှဥ်ပြိုင်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား လိုက်နာရမည့် စည်းမျဥ်း၊စည်းကမ်းများကို ရှင်းလင်ပြောကြားခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင့်ပြသထားသည့်  အာဇာနည်နေ့နှင့်ပက်သတ်သည့် အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ (၅၀ဦးတို့က စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)