အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများလေ့လာဖတ်ရှုနိုင်စေရန်အတွက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရွှေစေတီဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။
Jan 02,2025
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပလျက်ရှိသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
Jan 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊  ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသား/သူ (၄၃) ဦး တက်ရောက်ခဲ့သည်။
Jan 02,2025
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ကျောင်းသား၊ ​ကျောင်းသူ လူငယ်​မောင်မယ်များအ​နေဖြင့် မြန်မာ့လွတ်လပ်​ရေး​ကို အစဥ်အလေးထားတန်ဖိုးထားစေရန်အတွက်ရည်ရွယ်၍ (၇၇)နှစ်​မြောက် လွတ်လပ်​ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့​သည်။
Jan 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ်၊ ရန်ကင်းပညာ‌ရေးဒီဂရီကောလိပ်တွင် ပညာရေး၀န်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်များမှ ဒုတိယကျောင်းအုပ်ကြီးများနှင့် သင်ကြားရေးစီမံ၀န်ထမ်းများအတွက် Leadership and Management သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကင်းပညာရေးဒီဂရီကောလိပ်ရှိ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။