အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးနှင့် ရောဂါကူးစက်မှုမဖြစ်ပွားစေရန် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 01,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် (tennis) ပြိုင်ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ပါသည်။
Jan 01,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၇၁၉၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
Jan 01,2025
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အဆင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် အောင်လံမြို့ စိုက်ပျိုးရေးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်သည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 01,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကသစ်ကန်ကျေးရွာအုပ်စု ကသစ်ကန်ကျေးရွာတွင် ကသစ်ကန်နယ်မြေ မီးသတ်စခန်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်အဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
Jan 01,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၃) ရပ်ကွက်၊ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စာသင်တိုက် ပဓါနနာယက ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒနှင့် စာသင်စာချ ဆရာတော်များ၊ စာသင်သား သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းအဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ် ဆရာဝန်နှင့်အဖွဲ့က အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့သည်။
Jan 01,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။