Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စကုမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပ
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က စကုမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား(အလွတ်တန်း) ဂိုးလတ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်ကွက်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဂိုးလတ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့ အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့တွင် သီရိမင်္ဂလာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြောက်ရပ်မူလတန်းကျောင်းတို့တွင် ကျောင်းအုပ်ဆရာကြီးများက ဦးဆောင်၍ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစက်တော်ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို မင်းဘူးမြို့ မင်းမင်းဟိုတယ်၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံးတားတစ်စင်း တပ်ဆင်
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ယာယီဘေလီသံပေါင် တံတားတစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အောင်လံခရိုင်နှင့် သရက်ခရိုင် ချစ်ကြည်ရေး တာဝေးစက်ဘီးပြိုင်ပွဲ ကျင်းပ
Jan 03,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စက်ဘီးအားကစားဆပ်ကော်မတီမှ ကျင်းပရာ အဆိုပါပြိုင်ပွဲကို တရော်ကုန်းရပ်ကွက် ပြည်လမ်းနှင့်(၁၀)လမ်းဆုံ၊ ကမ္ဘာ့ရတနာဘဏ်ရှေ့မှ Road Bike ပြိုင်ပွဲ အောင်လံ-ကျော်စွာ-အောင်လံ အသွားအပြန်မိုင် (၅၄)မိုင်၊ Mountain ပြိုင်ပွဲ အောင်လံ-ပြလို့-အောင်လံ အသွားအပြန်မိုင် (၃၂)မိုင် စက်ဘီးပြိုင်ပွဲများကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း “ဇမ္ဗူရွှေကြာခန်းမ”၌ကျင်းပရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်ရုံးတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ
Jan 03,2025
(၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4062
Page
4063
Page
4064
Page
4065
Current page
4066
Page
4067
Page
4068
Page
4069
Page
4070
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department