အိမ်မဲမြို့နယ်တွင် မွေးစမှ အသက် (၁)နှစ်ခွဲကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

အိမ်မဲ ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောပြီး၊ မွေးကင်းစမှ အသက် (၁)နှစ်ခွဲကလေးများအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅)မျိုးစပ်ကာကွယ်ဆေး (ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) အစရှိသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး​ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ လစဥ်(၁)ရက်နေ့နှင့် (၂)ရက်နေ့များတွင် အခမဲ့ထိုးနှံပေးလျက်ရှိပြီး မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များမှ မည်သူမဆို လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)