လှိုင်သာယာ ဇန်နဝါရီလ ၂
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁၂) ကျောင်းခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားသို့ အမှတ် (၁၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အုန်းဌေးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် မြိုနယ် ပြန်/ဆက်ဦးစီးအရာရှိ ဦးမြင့်ဇော်က လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ထုတ်ဝေသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်/ဆက်ရုံးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကျော်သန်း (ပြန်/ဆက်)