​ညောင်လေးပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ညောင်လေးပင် နိုဝင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက အ.မ.က (မူလွန်)ဖအောင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက ကျောင်းသား ကျောင်သူများ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန် သိသင့်သိထိုက်သည့်အကြောင်းအရာများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာများ လေ့လာဖတ်ရှုတတ်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအကြောင်းအရာများဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ကျောင်းသား/ကျောင်းသူများအား စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်များဖြင့်ပုံ ပြင်‌များပြောပြခြင်း၊ စာအုပ်စာစောင်များအားဖတ်ရှု‌စေခြင်းနှင့် လူကုန်ကူးမှုတာဆီးကာကွယ်​ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်မားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)