ချောက် နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ချောက်မြို့မစျေးအတွင်း အရောင်းချလျက်ရှိသော အသားဆိုင်များတွင် အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချစေရေးအပတ်စဥ် ကွင်းဆင်းကြပ်မတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ လတ်လတ်ဌေးဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် အသားများဝယ်ယူနိုင်စေရန်လက်ရှိ မြေပြင်တွင်ရောင်းချလျက်ရှိသောအမဲသား၊ ဝက်သား၊ ဆိတ်သားစျေးနှုန်းများနှင့် အသားအရောင်းဆိုင်များတွင် ရောင်းချရန်သတ်မှတ်ပေးထားသည့် စျေးနှုန်းများကွာခြားမှုမရှိစေရေး၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ပေးထားသည့် အသားစျေးနှုန်းများအား ပြည်သူများသိရှိစေရန် ဗီနိုင်းဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ သတ်မှတ်စျေးနှုန်းများ အား စျေး၀ယ်သူများသိရှိစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အသိပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)