သံဖြူဇရပ် နိုဝင်ဘာ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မူလွန်(ဝယ်သွန်ချောင်) ကျောင်း၌ ဆောင်ရွက်သည်။
စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသားကျောင်းသူများ ကျောင်းစာကိုကြိုးစားသင်ယူရင်း အားလပ်ချိန်၌ အကျိုးရှိစွာ အသုံးချတတ်စေရန် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရေးကို အသိပေးဟောပြောပြီး၊ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်ကို ပြသထားရာ ကျောင်းသား ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)