သာကေတ နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အမှတ် (၂၅) အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်၌ ကျောင်းသား၊ ကျောင်းသူများကို (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောခြင်း၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတ မြို့နယ်ရုံးမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ အကြောင်းအရာများကို ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများဖတ်ရှုစေခြင်း၊ ပြန်လည်မေးမြန်းခြင်း၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ကိုကြည့်ရှုစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မို့မို့သူ(ပြန်/ဆက်)