ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်များကျိုးကျ

ဒဂုံဆိပ်ကမ်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက အချိန်အခါမဟုတ် မိုးများရွာသွန်း၍ မိုးသီးများကြွေကျကာ သစ်ပင်သစ်ကိုင်းများ ကျိုးကျခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း အချို့နေရာများတွင် မိုးသီးများကြွေကျခဲ့ပြီး အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့် အမှတ်(၈၈)၇ပ်ကွက်၊ ဒေါန(၄)လမ်း၊ အမှတ်(၉၄) ရပ်ကွက်ရှိ ကျွန်းရွှေဝါလမ်း၊ C Block တို့တွင် သစ်ပင်များလဲခြင်း၊ သစ်ကိုင်းများ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့တင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)