မိုင်းတုံမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယ အကြိမ် ထောက်ပံ့ ငွေများ ပေးအပ်

 မိုင်းတုံ ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ ငွေ ပေးအပ်ခြင်းကို ယနေ့ နေ့လယ်  (၂)နာရီမှစ၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးနေအောင်နှင့် တာဝန်ရှိသူတို့က ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၀)စုမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၁၃၆၁) စုကို အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၇၂၂၀၀၀၀)တိတိကို လက်ဝယ် အရောက် ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ)