ကလေးခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၁)ဦးတို့မှ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည်

ကလေး ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နေရာများတွင် ဝင်ရောက် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၁)ဦးရှိကြောင်း ကလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

ကလေးမြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအရွေးခံသည့်ပုဂ္ဂိုလ်ပေါင်း (၈)ဦး၊ ကလေးဝမြို့နယ် အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအရွေးခံမည့် ပုဂ္ဂိုလ်ပေါင်း(၅)ဦး၊ မင်းကင်းမြို့နယ်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အရွေးခံမည့် ပုဂ္ဂိုလ်ပေါင်း(၅)ဦးရှိသည်။ ကလေးခရိုင်(ကလေး၊ကလေးဝ၊မင်းကင်း) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအရွေးခံမည့် ပုဂ္ဂိုလ်ပေါင်း(၇)ဦး၊ ကလေးမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ်(၁)နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ ကလေးမြို့နယ် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)အတွက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၉)ဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ်(၁)နေရာအတွက် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ်(၂) နေရာအတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)နေရာ အတွက် ဝင်ရောက် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦးနှင့် မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်(၅)ဦး စုစုပေါင်း ကလေးခရိုင်တွင် ဝင်ရောက် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၁)ဦး ရှိကြောင်းသိရ သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း ကလေးမြို့နယ်တွင် (၉)ပါတီ၊ ကလေးဝမြို့နယ်တွင် (၅)ပါတီနှင့် မင်းကင်းမြို့နယ် တွင်(၅)ပါတီ ရှိကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)