အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းတိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 03,2026
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တည်ဆဲအခွန်ဥပဒေ များအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်ရှိ ကုန်သည်များနှင့်စက်မှု လက်မှုလုပ် ငန်းရှင်များအသင်း ခန်းမ၌ ကျင်းပသည်။
Jun 03,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းခေတ်မီစံပြကျေးရွာ၌ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီက ရွှေဘော်နင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ သက်တံ့ရောင်စီမံကိန်းဖြင့် ဒေသသီးနှံဂျင်းစိုက်ပျိုးသည့် အသင်းသား တောင်သူများအား တာဝန်ရှိသူများက ထောက်ပံ့ပေး အပ်ခဲ့သည်။
Jun 03,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂ဝ၂၆ ခုနှစ်၊ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) သင်တန်းဆင်းပွဲ အခမ်းအနားအားပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။        
Jun 03,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်း လွဲပိုင်းက ရေဆုံးကျေးရွာ(မူလွန်) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်း ကဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်
Jun 03,2026
ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပထမရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ရန်လျာထားသည့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။