ရွှေတောင် ဇွန် ၃
ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပထမရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ရန်လျာထားသည့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပထမရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ရန်လျာထားသည့် ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းရှိ Box Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ သရက်တောရပ်ကွက်၊ နှပ်တန်းလမ်းထိပ် ရန်ကုန်-ပြည် ကားလမ်းဘေး ရေနုတ်မြောင်းပြုပြင်ခြင်းလုပ်ငန်း၊ ရန်ကုန်-ပြည် ကားလမ်းဘေး အောင်မင်းခေါင်ဘုရားရှေ့ ပန်းစိုက်အုတ်ခုံ ပြုလုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များအားအပေါ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများအား လိုအပ်ချက်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)