မရမ်းကုန်းမြို့နယ်၌ အခွန်ဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မရမ်းကုန်း     ဇွန်     ၃

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တည်ဆဲအခွန်ဥပဒေ များအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်ရှိ ကုန်သည်များနှင့်စက်မှု လက်မှုလုပ် ငန်းရှင်များအသင်း ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မရမ်းကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင် က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစောမြင့်အောင်က တည်ဆဲအခွန် ဥပဒေများအရလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိဒေါ်ယုမာလာဋ္ဌေးကပြေစာအမှတ် တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အခွန်ထမ်းပြည်သူများ (၁၈၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း