ဝမ်းတွင်းမြို့နယ်၊ ရေဆုံး(မူလွန်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

ဝမ်းတွင်း ဇွန်  ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်း လွဲပိုင်းက ရေဆုံးကျေးရွာ(မူလွန်) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်း ကဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးသည် သုံးစွဲမိသော သူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုကိုဖြစ်စေ တတ်ပြီး စိတ်ကျန်းမာရေးကိုထိခိုက်စေသည့်အပြင် လူညွှန့်တုံးသည့်ဘဝကိုရောက်ရှိစေသည့်အတွက် အနာဂတ်တွင်တိုင်းပြည်ကိုပုခုံးပြောင်းတာဝန်ယူကြမည့်လူငယ်များအနေဖြင့်ရှောင်ရှားကြရမည့်အကြောင်းများကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဌေးလှိုင်(ပြန်/ဆက်)