ကလော ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းခေတ်မီစံပြကျေးရွာ၌ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီက ရွှေဘော်နင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ သက်တံ့ရောင်စီမံကိန်းဖြင့် ဒေသသီးနှံဂျင်းစိုက်ပျိုးသည့် အသင်းသား တောင်သူများအား တာဝန်ရှိသူများက ထောက်ပံ့ပေး အပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကလောမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညီညီအောင်နှင့် တာဝန်ရှိသူများက အသင်းဝင်တောင်သူများအား သက်တံ့ရောင်စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းပြောကြားခဲ့ပြီး တောင်သူ(၂၅)ဦး၏ စိုက်ဧက (၁၂၀) အတွက်ကျပ်(၃၅၉.၅) သိန်းနှင့်ညီမျှသည့် သွင်းအားစုကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်းတာဝန်ရှိသူထံမှသိရသည်။
ကျော်ဝင်း(ကလော)