ရေတာရှည် ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းတိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းကအခြေခံပညာ ကျောင်းများ၌ကျောင်းအပ်နှံမှု ရာခိုင်းနှုန်းတိုးတက်မြင့်မားစေရေး သက်ဆိုင်ရာကျောင်း အုပ်ကြီးများ၊ ရပ်မိ/ ရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေအ နေများ တင်ပြရန်လိုအပ်ချက်များရှိပါက ဖြေရှင်းဆောင်ရွက်ပေးသွားဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးက ရေတာရှည်မြို့နယ်အတွင်း ကျောင်းအပ်နှံရမည့်လျာထားစာရင်း၊ ကျောင်းအပ်နှံမှုရာခိုင်နှုန်းနှင့်ပတ်သက်၍ကျောင်းတက်ရောက်မှုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ယခင်နှစ်ကျောင်းအပ်နှံမှုနှင့်အတူ ယခုနှစ်တွင်လည်း လျာထားချက်ပြည့်မီစွာ ကျောင်းတက်ရောက်နိုင်ရေးဝိုင်းဝန်းအကြံပြု တင်ပြခဲ့မှုအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)