အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့၊ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၁၃၁)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်၊၊
Jul 12,2021
ပြငဦးလွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စနစ်တကျ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ပြင်ဦးလွင်ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး Isolation Ward၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ ရောဂါကုသရေး Center၊ တောင်စလင်း ကျောင်းတိုက် အတွင်းရှိ covid centre၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး)နှင့် ကုတင် (၅၀)ဆံ့ဆေးရုံ (ဇီးပင်ကြီး) တို့တွင် အသီးသီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ နံက်ပိုင်းက ဇရပ်လှကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 12,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်၌သာနေရန် Stay at Home အစီအစဉ်အရ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် (၉:၃၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်ကြီးများ အတွင်း စိစစ်ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Jul 12,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် (၈:၀၀) အချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 12,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီးဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း ကာကွယ်ခြင်း ကုသခြင်းလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 12,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဇူလိုင်လ (၆)ရက်နေ့ ညပိုင်းတွင် နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၅)ရှိ ဝါယာရှောခ့်ဖြစ်ကာ မီးလောင်ပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၅)ရှိ မီးဘေးသင့်ပြည်သူနေအိမ်၌ ဆောင်ရွက်ခဲ့သည်။
Jul 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။