Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝေါမြို့နယ်တွင် တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ အချိန်မီ မှန်မှန်ကန်ကန် ဖြည့်စွက် ပြင်ဆင် နိုင်ရန် ကြည့်ရှုစစ်ဆေး
Aug 15,2020
ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဝေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကော်မတီ အဖွဲ့ဝင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဝေါမြို့နယ် ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထပ်မံပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ် အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၀ ရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေသခံများနှင့်တွေ့ဆုံ
Aug 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ၊ မုန်းဒေသများသို့ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နော်ပွယ်စေးနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရောက်ရှိပြီး ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ် ဆောင်ရွက်
Aug 15,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုများ မရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓနဲရိကျေးရွာအုပ်စု၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ဝါးတရာကျေးရွာအုပ်စုတို့ကို မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့် onlineမှတစ်ဆင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Aug 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လုထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့် Onlineမှတစ်ဆင့် အသိပညာပေးဆွေးနွေးခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်
Aug 15,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်တွင် မသန်စွမ်းသူများ၊ နေရပ်ရွေ့ပြောင်းသူများနှင့် ထိခိုက်လွယ် အမျိုးသမီးများအား ငွေးရေးကြေးရေး ဝန်ဆောင်မှုဆိုင်ရာ မိတ်ဆက်ပွဲကျင်းပ
Aug 15,2020
ကရင်ပြည်နယ်တွင် ဘရက်မြန်မာ(BRAC Myanmar)မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူများ၊ နေရပ် ရွေ့ပြောင်းရသူများနှင့် ထိခိုက်လွယ်အမျိုးသမီးများအတွက် ငွေရေးကြေးရေးဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှု အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇွဲကပင်သဘာဝ ဟိုတယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဉက္ကဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၊ မိုင်းလွန်ကျေးရွာအုပ်စု၌ အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask များနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်မျာ…
Aug 14,2020
လိပ်သို
သြဂုတ်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26155
Page
26156
Page
26157
Page
26158
Current page
26159
Page
26160
Page
26161
Page
26162
Page
26163
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department