အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2021
လတ်တလော မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလများတွင် အများပြည်သူတို့အတွက် အကျိုးဖြစ်စေလိုသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အောက်စီဂျင် (Oxygen Plant) တစ်ခု တည်ထောင်သွားနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွါးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အင်းခေါင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးအပ် ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန် က ခရိုင်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပရာ ခရိုင်ကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ လွိုင်လင်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလတွင်ရောဂါပိုးတွေ့ရှိသူများနှင့် Contact Persons များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် (ICU Room) (Isolation Ward) Community Based Faciality Quarant နေရာများ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် အဖွင့်အမှာစကား ပြောကြားသည်။

လားရှိုးမြို့တွင် ရောဂါပိုးတွေ့ရှိ လူနာများ များပြားလာမှုကြောင့် မြို့မဈေးကြီး အပါအဝင်ဈေး(၃)ဈေး နှင့် ရပ်ကွက်(၉)ရှိ(ဘူတာဈေး)အား ယာယီပိတ်သိမ်းကြောင်း ဇွန်လ(၁၈)ရက်နေ့မှစ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အသိပေးကြေညာခဲ့သည်။
Jul 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း CBFQ တွင် ယမန်နေ့က အနံ့ပျောက်သူများနှင့် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း (၃၇)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ဝင်းကြီး(၆)မိုင်မှ ၁ ဦး၊ ပိန္နဲကုန်းကျေးရွာမှ ၁ ဦး၊ သင်တော ကျေးရွာမှ ၄ ဦး၊ စက်ဝင်း (၂)ရပ်မှ ၉ ဦး၊ မြို့သစ် (၁)ရပ်မှ ၁ ဦး၊ ဖလဲတန်းရပ်မှ ၁ ဦး၊ မြို့သစ်(၃)ရပ်မှ ၁ ဦး၊ စုစုပေါင်း ကိုဗစ် -၁၉အတည်ပြုလူနာသစ် ၁၈ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 12,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အ သက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဇူလိုင် ၁၁ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၄) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။