ဆီဆိုင်မြို့၌ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မပြတ် ဆောင်ရွက်

ဆီဆိုင် ဇူလိုင်  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ရဟန်းရှင်လူမိဘပြည်သူများအား လက်ဆေးကန်တွင် စနစ်တကျလက်ဆေးစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျ ဆေးကြောပေးခြင်း၊ ကိုယ်အပူချိန်များတိုင်းတာစစ်ဆေးပေးခြင်း၊ ရပ်ဝေးမှဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျမှတ်တမ်းရယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)