ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၂

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီးဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း ကာကွယ်ခြင်း ကုသခြင်းလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများ တွေ့ရှိရပြီး ဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ ကြီးကြပ်စီမံဆောင် ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ ကိုဗစ်-၁၉ရောဂါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့(၆)ဖွဲ့ဖြင့် ဖွဲ့စည်းကာ မြို့အဝင်အထွက်ဖြစ်သည့် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု မင်္ဂလာကုန်းကျေးရွာ၌ နေ့စဉ် မြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် မိဘပြည်သူများနှင့် မော်တော်ယာဉ် များအား ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ အခြေအနေများအား အသိပညာပေးခြင်း စစ်ဆေးမှတ်တမ်းများ ရယူထားခြင်း လုပ်ငန်းများကို အထူးကြပ်မတ်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး