အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အနံ့ပျောက်သူနှင့် ဖျားနာသူ (၁၅၂)ဦးအား ယမန်နေ့က RDT စနစ်ဖြင့် ဆေးစစ်ခဲ့ရာ (၅၄)ဦး ပိုးတွေ့ရှိကြောင်း သိရသည်။
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDTTestKit ဖြင့် စစ်ဆေး ပေးခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၂၆)ဦး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၇နာရီအချိန်က (COVID-19) ရောဂါတားဆီးကာကွယ်ရေးအတွက် (Mask) မတပ်ဘဲ နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား စစ်ဆေးဒဏ်ရိုက်၍ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးပြည့်ထွန်းနှင့် ဝန်ထမ်းများ၊
Jul 12,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့လာရောက်၍ (RDT)ဖြင့် ယမန်နေ့ညနေပိုင်းတွင် လာရောက်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Jul 12,2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ သတင်းသမားများအတွက် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ်စာအုပ်များနှင့် သတင်းသမားဆောင်း ဦးထုပ်များ လှူဒါန်းခြင်းကို ယနေ့ မွန်းလွှဲ(၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 12,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး ကိုဗစ်- ၁၉ ရောဂါကုသရေးဌာန၌ အရေးပေါ် လိုအပ်သည့် လူနာများအတွက် အောက်စီဂျင်အိုးများ ရရှိနိုင်ရေးရည်ရွယ်ကာ အလှူရှင်များ စုပေါင်းလှူဒါန်းခြင်းကို ယမန်နေ့က အလှူရှင်များကိုယ်စား တောင်ငူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (ERT) မှ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။