ပိုင်ကျုံ ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ် ထိန်းချုပ်ရေး၊ ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးအတွက် ရည်ရွယ်၍MASK CAMPAIGN ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ သွားလာကြရန် လူစည်ကားရာ နေရာများ တွင် အပြင်သွားလာသော ပြည်သူများအနေဖြင့် ကိုဗစ် -၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး အပြင်သွားရာတွင် နှာခေါင်းစည်း MASK တပ်ဆင်ခြင်း မရှိသောပြည်သူများအား နှာခေါင်းစည်း MASKများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အသိပညာ ပေးရေး လုပ်ငန်းများကို နေ့စဉ်တနင်္လာနှင့်အင်္ဂါနေ့ တို့တွင် အပတ်စဉ် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)