ချောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ပြုလုပ်ပေး

ချောက်   ဇူလိုင်  ၁

              

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည့်ပင်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

          

 

ထိုသို့ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ​ချောက်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် ဝန်ထမ်းများက ပြည့်ပင်ကျေးရွာအုပ်စု နေပြည်သူများကိုနိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်​ပေးခြင်းစုစုပေါင်း(၆၃)ဦး၊အိမ်​ထောင်စုလူဦးရေ​မွေးတိုး စာရင်း​ဆောင်ရွက်ခြင်း(၂၂) ဦး၊အိမ်​ထောင်စုလူဦးရေစာရင်းတွင်​ သေဆုံးပယ်ဖျက်ခြင်း(၅)ဦး တို့အားကွင်းဆင်း​ဆောင်ရွက်ပြု လုပ်​ပေးသည်။

           

 

ချောက်မြို့နယ်တွင် အဆိုပါပန်းခင်းစီမံချက်စီမံချက်ဖြင့် ယ​နေ့အထိမြို့​ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုတွင်  နိုင်ငံသားစိစစ်ရေးကတ်ပြား​ဆောင်ရွက်ခြင်း ကျား/မ စုစုပေါင်း  (၉၇၇) ဦးအား လည်းကောင်း၊အိမ်ထောင်စုစု​စု​ပေါင်း(၂၆၇)စု ပြုလုပ်ပေးခဲ့ ကြောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှသိရ သည်။

                   ​

ကျော်မိုး