သံတွဲ ဇူလိုင် ၁၃
သံတွဲမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကူးစက် ပြန့်ပွါး လျက်ရှိရာ ရောဂါပြန့်ပွါးမှုကို ကာကွယ် ထိန်းချုပ်နိုက်ရန်အတွက် ဒွါရာဝတီမြို့မစျေးအား ဇူလိုင် ၁၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှစ၍ ယာယီပိတ်သိမ်းထားကြောင်းသိရသည်။
ထိုသို့ပိတ်သိမ်းခြင်းကို ဇူလိုင် ၁၂ ရက်နေ့တွင်သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြုလုပ်သော အရေးပေါ်ညှိနှိုင်းအစည်းအဝေးအရ ဒေသ တွင်းဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ကူးစက်ရောဂါ ပြန့်ပွါးမှုကို ကာကွယ်ထိန်းချုပ်ရန်အတွက် ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့်အသားငါးနှင့် ဟင်းသီး ဟင်းရွက် ရောင်းကုန်များကို ဒွါရာ ဝတီတံတားဦး ပျံကျစျေး၌ နံနက်အချိန်ထိ ရောင်းချသွားရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အများပြည်သူများသိရှိရန်ကြေညာထား ကြောင်းလည်းသိရသည်။
သံတွဲမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သား ငါးစျေးနှင့်ဟင်းသီးဟင်းရွက်စျေးကို ယခင်နှစ် ကလည်း ဒွါရာဝတီတံဦးသို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ကြောင်းသိ ရသည်။