Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝန်းသိုမြို့နယ် စည်ပင်သာယာမြို့မဈေး၌ တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းကာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝန်းသိုမြို့နယ် မြို့မစည်ပင် သာယာဈေး ရှိကုန်စုံဆိုင်များတွင် တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားထည့်သွင်း လိုက်နာမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာ၌ CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု ဒုရင်္ဂဗိုလ်ကျေးရွာတွင် ယမန်နေ့နံနက်(၈)နာရီက ၂၀၂၀ပြည့်နှစ် မိုးရာသီ CERP Plan အရအကျိုးဆောင်တောင်သူ ဦးချန်ထွန်း၏ လယ်မြေစံပြစိုက်ကွက်တွင် ဧရာမင်း စပါးမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍စိုက်ပျိုးနည်းပညာများ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၃၈၇) အား ထောက်ပံ့ငွေများ လက်၀ယ်အရောက်ပေးအပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၇၃၈၇)၏ အိမ်ထောင်စု၀င်များ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့၌ စာပေချစ်သူ (BOOK CLUB) အသင်း စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူ (BOOK CLUB) အသင်းတို့ ပူးပေါင်း၍ သုတ၊ ရသ စာပေ ဖတ်ရှု ဆွေးနွေးပွဲ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော စပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်သွားမည်
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ…
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဆန်ဆိုင်း(က) ရပ်ကွက်၊ ပုံလို့လမ်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ (၈၆၈၄) စုအား နိုင်ငံတော်မှ (တတိယအကြိမ်) ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၁၁ နာရီက တနင်္သာရီမြို့နယ်၊ ရပ်ကွက်/ကျေးရွာအသီးသီးတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄) စုအား၊ နိုင်ငံတော်မှ (တတိယအကြိမ်) အဖြစ် ထပ်မံထောက်ပံ့ပေးအပ်သည့်ငွေ (၂၀၀၀၀) ကျပ်စီကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၂၆) စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များပြသ
Aug 18,2020
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီက မြောင်းမြခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26139
Page
26140
Page
26141
Page
26142
Current page
26143
Page
26144
Page
26145
Page
26146
Page
26147
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department