ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ညှိနှိုင်းဆွေးနွေး

ရွာငံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် လူမှုရေး အသင်းအဖွဲ့များက ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်ညှိနှိုင်းဆွေး နွေးပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာများအတွက် လိုအပ်သည့်အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် အောက်ဆီဂျင် ဖြည့်တင်းရေး၊ သယ်ယူပို့ဆောင်ရေး၊ ပိုးတွေ့လူနာသယ်ယူရေး၊ ပိုးတွေ့လူနာ၏ နေအိမ် ပတ်ဝန်းကျင်တွင် ပိုးသတ် ဆေးဖျန်းရေး၊ Quarantine Centre များနှင့် မြို့ဝင်ကိုဗစ် စစ်ဆေးရေး ဂိတ်တွင်လည်း Volunteer များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ တခြားအရေးပေါ် လူနာများ သယ်ယူပို့ဆောင်ရေးအတွက်လည်း လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်းပြောကြားရာ လူမှုရေးအသင်းအဖွဲ့များကလည်းလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေး နွေးကြပြီး ဆွေးနွေးပွဲကို မွန်းလွဲ(၃)နာရီခွဲအချိန်တွင် ရုတ်သိမ်းလိုက်ကြောင်း သိသည်။

ရွာငံမြို့နယ်အတွင်းရှိ Volunteerများအနေဖြင့်လည်း ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါက ကိုကျော်သူ၊ ဓူဝံလူမှုကူညီရေး အဖွဲ့(၀၉၆၉၁၂၃၉၂၉၆)နှင့်၊ ဆည်ရွာဆရာတော် (၀၉၂၅၀၇၈၄၉၈၃)သို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)