ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း/ ဈေးဝယ်သူများနှင့် ပြည်သူလူထုများအား နှာခေါင်းစည်း Mask များဖြန့်ဝေ

မောင်တော ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့မသားငါးဈေးများရှိ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မသားငါးဈေးရှိ ဈေးရောင်း/ဈေးဝယ်သူများနှင့် နာရီစင် လမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား HandSpaker ဖြင့် နှိုးဆော်ပေးခဲ့ကြသည်။ ယနေ့ ဆောင်ရွက်ရာတွင် နှာခေါင်းစည်း Mask (၃၅၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)