“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ Quarantine Centre များသို့ ကြည့်ရှုစစ်ဆေး

ဟိုပန် ဇူလိုင် ၂၁

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က Quarantine Centre ဖွင့်လှစ်ထားရှိသည့် မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲဝင်းထိုက်က (Positive)လူနာများ ထားရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ အသွားအလာကန့်သတ်ထားသည့် ဇူလိုင်လ ၂၂ ရက်နောက်ပိုင်း ပြန်လည်ဝင်ရောက်လာမည့် ဒေသခံများအား ကျန်းမာရေးဆေးစစ်ဆေးရန်စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ဥက္ကဌဦးညီနပ်က လိုအပ်ချက်များကို ‌ပေါင်းစပ်ညှိနှိုင်းပေးပြီး Quarantine Centre တာဝန်ကျဝန်ထမ်းများအား အဟာရအားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဥက္ကဌနှင့်အဖွဲ့သည် Quarantine Centre ဖွင့်လှစ်ထားသည့် ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမသို့ သွားရောက်၍ (Positive)လူနာများ ထားရှိမှုအခြေအနေကို ကြည့်ရှုအားပေးပြီး တာဝန်ကျဝန်ထမ်းများနှင့် (Positive)လူနာများအတွက် အဟာရအားဖြည့်အချိုရည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဟိုပန်မြို့တွင် ဇူလိုင်လ ၁၉ရက်နေ့ထိ (Positive) လူနာ (၄၂)ဦးကျန်ရှိပြီး ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် (၃၅)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရသည်။