သာယာဝတီမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာ မြေနိမ့်ပိုင်း နေအိမ်များသို့ ရေများဝင်ရောက်

သာယာဝတီ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့နှင့်မြို့မဈေးလမ်းအတွင်းသို့ ရေများဝင်ရောက်ခဲ့ ကြောင်း သိရသည်။

မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများနှင့်လမ်းများ နစ်မြုပ်လျက်ရှိသော်လည်း အိမ်ထောင်စုများမှာ ပြောင်းရွှေ့နေထိုင်ခြင်း မရှိသေးဘဲ ရေများထပ်မံမြင့်တက်လာပါက ယာယီ ပြောင်းရွှေ့နေရာချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ရေကြီးရေလျှံမှုကြောင့် ချောင်းကမ်းနဘေးရှိ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက် အချို့ ရေဝင် ရောက်ခဲ့ပြီး အဆိုပါ ရေဝင်ရောက်မှု ဖြစ်ပွားရာသို့ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးလျက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော်