ကျွန်းစု ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အမှတ်(၃)ရပ်ကွက် မိုးလုံလေလုံ အားကစားခန်းမတွင်ကိုဗစ် -၁၉ရောဂါပိုးအတည်ပြုလူနာများနှင့် ထိတွေ့သူများအားထားရှိရန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း ထပ်မံပြင်ဆင်မှုကို မနေ့ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရတနာ TAXI အသင်းဝင်များ၊ ကရုဏာနာရေး ကူညီမှုအသင်းဝင်များ နှင့် စေတနာသွေးနှင့် အောက်ဆီဂျင်ကူညီမှုအသင်းဝင်များက ပြင်ဆင်ဆောင်ရွက်လျှက်ရှိပြီး လူဦးရေ (၅၀) ခန့် ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။